Blogger Widgets

Thursday, June 21, 2018

အချစ်ဆိုတာ ဒါလား


သူတောင် ကျနော်မရှိပဲနေနိုင်ရင်
ကျနော်လည်း သူမရှိပဲနေနိုင်ရမယ်
လို့ဘယ်သောအခါမှမတွေးမိသလို
အခုလည်းမတွေးပါဘူးနောင်လည်း
တွေးမှာမဟုတ်ပါဘူးသူသိစေချင်ယုံပါ
ကျနော်ကသူ့အကြောင်းမတွေးပဲနဲ့
မနေမှမနေနိုင်တာ

Friday, June 8, 2018

ရင်နာနာနဲ့ပါ

ကျနော်ဟာကောက်ရိုးမီး မဟုတ်သလို
သွေးဆူလည်း မလွယ်ပါဘူး
သူအနားကို ကျနော်သွားရင်
သူ့ကိုစိတ်ညစ်မိစေတယ်လို့
ခံစားရလို့ ရင်နာနာနဲ့
ရပ်ကြည့်နေတာပါ

သူ့ကို အရမ်း ချစ်လို့ပါ အမေ


တခုပြီး တခုလုပ်နေရလို့
အထီးကျန်တယ်ဆိုတာတောင်
မစဉ်စားဖြစ်တာတောင် ကြာပေါ့ အမေ
အိပ်မရတဲ့ညတွေကိုလည်း
အတင်းအိပ်ခဲ့ရပါတယ် အမေ
နောက်တနေ့အလုပ်တွေ
လုပ်လို့နိုင်အောင်လို့ပါ အမေ
အဲလိုဖြစ်နေတာလည်း
ခက်ကောင်းကောင်းပါ
သူ့အကြောင်းစဉ်းစားရမှာ
ကြောက်တယ် အမေ
သူပေးတဲ့ ဥပက္ခာတွေက
သားအတွက်အိမ်မက်ဆိုးတွေပါ
အစွဲလန်းကြီးတော့ အိမ်မက်ဆိုးတွေတောင်
ကြောက်ရကောင်းမှန်းမသိတဲ့
သားတော်မောင်ပါ
သူ့ကို အရမ်း ချစ်လို့ပါ အမေ

Monday, June 4, 2018

လူဆိုတဲ့လူ

လူတွေဟာ နှလုံးသားရင့်ကျက်ပြီး
မေတ္တာတရားကြီးလာရင် တဖက်လူရဲ့
ခံစားချက်ကိုသိလာတယ် စာနာလာတယ်
နာလည်းလာတယ်

Thursday, May 31, 2018

မင်းတော်ပါတယ်


မင်းရဲ့ လမ်းညွှန်ပြသမှူ့အောက်မှာ
ငါအချစ်ရဲ့ ခါးသီးမှူ့တွေကို
အတော်သင့်တော့ တတ်မြောက်နေပါပြီ

Friday, May 11, 2018

ကံကြမ္မာ


နာကျင်မှု့တွေက ကံကြမ္မာဆိုရင်
အဲကံကြမ္မာတွေကို ဖြစ်ခွင့်မပေးနိုင်ဘူး
ကံကြမ္မာဆိုတာ လူတွေရဲ့
လိုအင်ဆန္ဒကို ပြောင်းလဲမပေးနိုင်ဘူး

မနေနိုင်လို့ပါ



ကဗျာ​တွေတဒလ​ဟော​ရေးမိ​ပေမယ့်
ကဗျာထဲမြှားတစင်း ကိုယ် မသိုဝှက်​ထားသလို
အဆိပ်​ရည်​ပြည့်​တဲ့ပုံးလည်းမဟုတ်
ကဗျာပင်​လယ်​ထဲနစ်​နေတဲ့ဒုက္ခသည်​ရယ်​ပါ
ကိုယ်​ဟာကျားနာတ​ကောင်​မဟုတ်​သလို
အဆိပ်ပြင်းသတ္တဝါလည်းမဟုတ်​ရပါဘူးကွယ်
ရင်​ကွဲပက်​လက်
တစစ်​စစ်​နာတစာစာငို​ကြွေး​နေတဲ့
ငှက်​က​လေးတ​ကောင်​ရယ်​သာပါ