Blogger Widgets

Monday, January 28, 2013

မြန်မာ မိန်းကလေးများကို မြန်မာလို လှစေချင်တယ်

ခေတ်ကြီးတိုးတက်လာ တာနဲ့အမျှ
လူနေမှု့ အဆင့်အတန်းကလည်း
တိုးတက်လာတယ်။ထို့အတူပဲ
ဝတ်စားဆင်ယင်မှု့ ကလည်း
ပွင့်လင်းလာကြတယ်။
ယခုမြင်တွေ့နေရတဲ့ဝတ်စားဆင်ယင်ပုံများကတော့
ကိုကိုတို့ အကြိုက်ပေါ့။
ကျွန်တော့်တို့ မြန်မာပြည်မှာ အနောက်တိုင်းယဉ်ကျေးမှု
တွေက စိုးမိုးလာတယ်။စာရေးဆရာကြီးအချို့ ကတော့
ယဉ်ကျေးမှုပြောက်ရင် လူမျိုးဆိုတာ ပြောက်သွားမယ်တဲ့။
ကျွန်တော့်တို့ နိုင်ငံပာာ
ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံ
ကဗ္ဘာမှာ ကျော်ကြားခဲ.သောဗိုလ်ချုပ်အောင်းဆန်းမွေးခဲ့တဲ့နိုင်ငံ
ကဗ္ဘာမှာ ကျော်ကြားခဲ.သောဦးသန့်မွေးခဲ့တဲ့နိုင်ငံ
ယခုလက်ရှိ  ကဗ္ဘာမှာ ကျော်ကြားနေသော ဒေါ်အောင်ဆန်းစုကြည် မွေးတဲ့နိုင်ငံ
ဒီလိုအစင်အလာရှိတဲ့နိုင်ငံမှာ နေပြီးဘာကြောင့်များတိုင်းတပါးစတိုင်ကို အတုခိုး
နေကြတာလဲ။ အဲဒိ တိုင်းတပါးက မြန်မာစတိုင်ကို အတုခိုးလာအောင် လုပ်ကြရင်
မကောင်းဘူးလားဗျာ။
ဒါကြောင့် မြန်မာ မိန်းကလေးများကို မြန်မာလို လှစေချင်တယ်


Tuesday, January 22, 2013

မှတ်စုတို ကဗျာများ

အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါဆက်ပြီးအိပ်နေချင်လို.ပါ။

ဘ၀ ဆိုတာနဲ့
ဘာလို. ‘ရှင်သန်ခြင်း’ လို.အဓိပ္ပါယ် ဖွင့်ဆိုရတာလဲ။
ငါကတော့အိပ်နေတာပဲကြိုက်တယ်။
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်းတောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့။
သံပတ်ခပ်လျော့လျော့ နဲ့ပဲနေတတ်တယ်။

နိုင်ငံကျော်တွေအားလုံးကို သနားတယ်။
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေး မ၀ခဲ့ကြဘူး။

အချစ်စတင် ဖြစ်ပေါ်ရခြင်း၏အကြောင်းအရင်းကိုရှင်းလင်းဖြေဆိုပါ
ဟူသောမေးခွန်းမျိုးကိုသာစာမေးပွဲမှာမေးမည်ဆိုပါလျှင် ကမ္ဘာမြေပေါ်တွင်ရှိသော
ယောကျာင်္းတွေအားလုံး စာမေးပွဲ ကျကုန်လိပ်မည်မှာ သေချာသည်။

အချစ်သည်သွားကိုက်ခြင်းနှင့် ခပ်ဆင်ဆင်တူပါသည်
ကိုက်တိုင်ကိုက်ကျ လက်တွေ့မခံစားဖူးဘဲနှင့် အဲသည်ဝေသနာကို
နားလည်နှိင်လိမ့်မည် မဟုတ်ပါ။

လမ်းပေါ်မှာလူတွေတွေ့တိုင်း
လိုက်ပြီးမေးကြည့်ရအုံးမယ်
“ချစ်တယ်” ဆိုတာကိုယ့်ကိုယ်ကို
“သတ်သေတဲ့နည်းတစ်မျိုးလား”  လို့။

ကျွန်တော်ကိုလာမကစားပါနဲ.
အခုတလော
အလွမ်းကို လူပြောများနေလို.ပါ။

ကျွန်တော်မြန်မာ

လူဆိုရင် မိဘမတ္ထာ
ဘုရားမပောာတောင်
သိတတ်ရမယ်။
လူဆိုရင် သမိုင်းရဲ့
သစ္စာ ဘုရားမပောာလည်း
ထိန်းသိမ်း ရမယ်ပော့။
လူစကားပြောတာပါ။
(လင်းလင်း ရဲ. ကျွန်တော်မြန်မာ သီချင်းထဲမှ စာသား တချို.)

Wednesday, January 2, 2013

အချစ်

အချစ်မှာ ဂုဏ် ၊ မာန
အရှိန်အ၀ါ မထားသင့်ဘူး
ထားရင် မခိုင်မြဲဘူး။
အချစ်ကို အချစ်လို့ပဲမြင်ပေးကြပါ။