Blogger Widgets

Tuesday, January 22, 2013

မှတ်စုတို ကဗျာများ

အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါဆက်ပြီးအိပ်နေချင်လို.ပါ။

ဘ၀ ဆိုတာနဲ့
ဘာလို. ‘ရှင်သန်ခြင်း’ လို.အဓိပ္ပါယ် ဖွင့်ဆိုရတာလဲ။
ငါကတော့အိပ်နေတာပဲကြိုက်တယ်။
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်းတောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့။
သံပတ်ခပ်လျော့လျော့ နဲ့ပဲနေတတ်တယ်။

နိုင်ငံကျော်တွေအားလုံးကို သနားတယ်။
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေး မ၀ခဲ့ကြဘူး။

အချစ်စတင် ဖြစ်ပေါ်ရခြင်း၏အကြောင်းအရင်းကိုရှင်းလင်းဖြေဆိုပါ
ဟူသောမေးခွန်းမျိုးကိုသာစာမေးပွဲမှာမေးမည်ဆိုပါလျှင် ကမ္ဘာမြေပေါ်တွင်ရှိသော
ယောကျာင်္းတွေအားလုံး စာမေးပွဲ ကျကုန်လိပ်မည်မှာ သေချာသည်။

အချစ်သည်သွားကိုက်ခြင်းနှင့် ခပ်ဆင်ဆင်တူပါသည်
ကိုက်တိုင်ကိုက်ကျ လက်တွေ့မခံစားဖူးဘဲနှင့် အဲသည်ဝေသနာကို
နားလည်နှိင်လိမ့်မည် မဟုတ်ပါ။

လမ်းပေါ်မှာလူတွေတွေ့တိုင်း
လိုက်ပြီးမေးကြည့်ရအုံးမယ်
“ချစ်တယ်” ဆိုတာကိုယ့်ကိုယ်ကို
“သတ်သေတဲ့နည်းတစ်မျိုးလား”  လို့။

ကျွန်တော်ကိုလာမကစားပါနဲ.
အခုတလော
အလွမ်းကို လူပြောများနေလို.ပါ။

No comments:

Post a Comment