လူတွေဟာ နှလုံးသားရင့်ကျက်ပြီး
မေတ္တာတရားကြီးလာရင် တဖက်လူရဲ့
ခံစားချက်ကိုသိလာတယ် စာနာလာတယ်
နာလည်းလာတယ်
Monday, June 4, 2018
Thursday, May 31, 2018
Friday, May 11, 2018
ကံကြမ္မာ
နာကျင်မှု့တွေက ကံကြမ္မာဆိုရင်
အဲကံကြမ္မာတွေကို ဖြစ်ခွင့်မပေးနိုင်ဘူး
ကံကြမ္မာဆိုတာ လူတွေရဲ့
လိုအင်ဆန္ဒကို ပြောင်းလဲမပေးနိုင်ဘူး
မနေနိုင်လို့ပါ
ကဗျာတွေတဒလဟောရေးမိပေမယ့်
ကဗျာထဲမြှားတစင်း ကိုယ် မသိုဝှက်ထားသလို
အဆိပ်ရည်ပြည့်တဲ့ပုံးလည်းမဟုတ်
ကဗျာပင်လယ်ထဲနစ်နေတဲ့ဒုက္ခသည်ရယ်ပါ
ကိုယ်ဟာကျားနာတကောင်မဟုတ်သလို
အဆိပ်ပြင်းသတ္တဝါလည်းမဟုတ်ရပါဘူးကွယ်
ရင်ကွဲပက်လက်
တစစ်စစ်နာတစာစာငိုကြွေးနေတဲ့
ငှက်ကလေးတကောင်ရယ်သာပါ
Saturday, September 20, 2014
အချစ်နဲ့ ဘဝ
အချစ်နဲ့ ဘ၀တစ်ခု တည်ထောင်ဖို.ဆိုတာမဖြစ်နိုင်ဘူး။
ဘ၀မှာလည်း အချစ်မရှိလို့ မဖြစ်ဘူး။
အချစ်ကို သီးခြားထားဖို့လိုသလို
ဘ၀ကိုလည်း သီးခြားထားဖို့ လိုမယ်ထင်တယ်။
Thursday, May 15, 2014
Saturday, May 3, 2014
Subscribe to:
Posts (Atom)




