Blogger Widgets

Thursday, May 31, 2018

မင်းတော်ပါတယ်


မင်းရဲ့ လမ်းညွှန်ပြသမှူ့အောက်မှာ
ငါအချစ်ရဲ့ ခါးသီးမှူ့တွေကို
အတော်သင့်တော့ တတ်မြောက်နေပါပြီ

Friday, May 11, 2018

ကံကြမ္မာ


နာကျင်မှု့တွေက ကံကြမ္မာဆိုရင်
အဲကံကြမ္မာတွေကို ဖြစ်ခွင့်မပေးနိုင်ဘူး
ကံကြမ္မာဆိုတာ လူတွေရဲ့
လိုအင်ဆန္ဒကို ပြောင်းလဲမပေးနိုင်ဘူး

မနေနိုင်လို့ပါ



ကဗျာ​တွေတဒလ​ဟော​ရေးမိ​ပေမယ့်
ကဗျာထဲမြှားတစင်း ကိုယ် မသိုဝှက်​ထားသလို
အဆိပ်​ရည်​ပြည့်​တဲ့ပုံးလည်းမဟုတ်
ကဗျာပင်​လယ်​ထဲနစ်​နေတဲ့ဒုက္ခသည်​ရယ်​ပါ
ကိုယ်​ဟာကျားနာတ​ကောင်​မဟုတ်​သလို
အဆိပ်ပြင်းသတ္တဝါလည်းမဟုတ်​ရပါဘူးကွယ်
ရင်​ကွဲပက်​လက်
တစစ်​စစ်​နာတစာစာငို​ကြွေး​နေတဲ့
ငှက်​က​လေးတ​ကောင်​ရယ်​သာပါ