Blogger Widgets

Friday, June 8, 2018

သူ့ကို အရမ်း ချစ်လို့ပါ အမေ


တခုပြီး တခုလုပ်နေရလို့
အထီးကျန်တယ်ဆိုတာတောင်
မစဉ်စားဖြစ်တာတောင် ကြာပေါ့ အမေ
အိပ်မရတဲ့ညတွေကိုလည်း
အတင်းအိပ်ခဲ့ရပါတယ် အမေ
နောက်တနေ့အလုပ်တွေ
လုပ်လို့နိုင်အောင်လို့ပါ အမေ
အဲလိုဖြစ်နေတာလည်း
ခက်ကောင်းကောင်းပါ
သူ့အကြောင်းစဉ်းစားရမှာ
ကြောက်တယ် အမေ
သူပေးတဲ့ ဥပက္ခာတွေက
သားအတွက်အိမ်မက်ဆိုးတွေပါ
အစွဲလန်းကြီးတော့ အိမ်မက်ဆိုးတွေတောင်
ကြောက်ရကောင်းမှန်းမသိတဲ့
သားတော်မောင်ပါ
သူ့ကို အရမ်း ချစ်လို့ပါ အမေ

No comments:

Post a Comment